သတင်းများ

ရွှေတောင်မြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)တာလှုပ်ရှားမှုအသိပညာပေးအခမ်းအနား ကျင်းပ
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ယမန်နေ့နေ့လယ်ပိုင်း ကအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)တာလှုပ်ရှားမှုအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပခဲ့သည်။
ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၌ ဆန်အမျိုးမျိုးလက်ရှိပေါက်စျေးနှင့် ရောင်းချမှုအခြေအနေများအား ကွင်းဆင်းမေးမြန်းစစ်ဆေး
Dec 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၌ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းအေးမှ ဆန်ပွဲရုံလုပ်ငန်းရှင်ဒေါ်စိုးရည်ဦး(ပင်ရွှေဦး)နှင့်တွေ့ဆုံကာ  ပဲအမျိုးမျိုး လက်ရှိပေါက်စျေးနှင့် ရောင်းချမှုအခြေအနေများကို ယမန်နေ့နေ့လယ်က ကြည့်ရှုမေးမြန်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ် အောက်လိပ်ကျေးရွာ၌ လူငယ်စကားဝိုင်း ပြုလုပ်
Dec 09,2022
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်၍ လူငယ်စကားဝိုင်းကို ယမန်နေ့က အောက်လိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲကျင်းပ
Dec 09,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာ၌ ကျင်းပသည်။
(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် မနောပွဲတော်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေး‌နွေး
Dec 09,2022
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် ကချင်ပြည်နယ်နေ့သည် (၇၅)နှစ် မြောက် စိန်ရတုပြည့်နှစ် ဖြစ်သည့်အတွက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနား တွင် မနောပွဲတော်၊ ဒေသထုတ်ကုန်ပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြသည်။
ပြင်ဦးလွင်မြို့၌ မက္ကဒေးမီးယား စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Dec 09,2022
စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ၊ မဲခေါင်-လန်ချန်းဒေသရှိ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံဖြိုးတိုးတက်ရေး စီမံကိန်းအစီအစဥ်ဖြင့် မက္ကဒေးမီးယားစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲကို ပြင်ဦးလွင်မြို့ Royal Park View Hotel ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၄၄၄၂၉၂) ဦး ထိုးနှံပြီးဖြစ်
Dec 09,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးစီး၍ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယနေ့နက်(၉)နာခွဲအထိ (၄၄၃,၃၄၂)ဦး ထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ်အရွယ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
Dec 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ အသက်မွေးစမှ နှစ်နှစ်အရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ကိုဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈)နာရီအချိန်မှစတင်၍ အမှတ်(၅)ရပ်ကွက်၊ နှင်းဆီဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။