သတင်းများ

သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ
Dec 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံပညာ အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
သိန္နီမြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်ခြင်းများ ဆောင်ရွက်
Dec 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းများ ကုန်ညွန်းအမှတ်အသား (၁၁) ချက်နှင့် ကိုက်ညီမှုရှိစေရေးနှင့် ဈေးကွက်စောင့်ကြည့်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် အ.ထ.က(ခွဲ)ဟိုယ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲပြုလုပ်
Dec 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ပညာရေးမှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဥပဒေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက အ.ထ.က(ခွဲ)ဟိုယ ကျောင်း၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ ပေးဟောပြောပွဲကို ကျင်းပသည်။
ပေါက်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် စစ်တုရင်ပြိုင်ပွဲကျင်းပ
Dec 08,2022
(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ယနေ့ နေ့လယ် ၁ နာရီက စာအုပ်ပြပွဲနှင့် စစ်တုရင်ပြိုင်ပွဲကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Dec 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နမ့်ဟူးလွယ်ကာကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။
ပေါင်းတည်မြို့နယ်တွင် မီးငြှိမ်းသတ်ခြင်းသရုပ်ပြသမှုနှင့် စည်သာယာ​ရေးစျေးများ၌ မီးဘေးကြိုတင်ကာကွယ်ထားရှိမှု ကြည့်ရှုစစ်ဆေး
Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မီးသတ်ဦးစီးဌာနဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် စျေးသူ စျေးသားများ ပူးပေါင်းကာ မီးငြှိမ်းသတ်ခြင်း သရုပ်ပြသမှုများကို မြို့မစျေးနှင့် ရွှေတည်စျေးတို့တွင် ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
Dec 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားသူများ အဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယနေ့မွန်းလွဲပိုင်းက ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြသည်။
လယ်ဝေးခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 08,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အ​ထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  ကျင်းပခဲ့သည်။