စစ်ကိုင်းခရိုင် ပြန်/ဆက်ဦးစီးဌာနတွင် ပလစ်စတစ်ညစ်ညမ်းမှု အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်

စစ်ကိုင်း ဇန်နဝါရီ ၂

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပလစ်စတစ် ညစ်ညမ်းမှု အသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Talk Show ကျင်းပဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းက ရှင်းလင်း ဆွေးနွေးပြီး ခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပလစ်စတစ်များသည် အလွန်အရေးပါသည့် အခမ်းကဏ္ဍမှ ပါဝင်ကြောင်း၊ ပလစ်စတစ်များသည် လူသုံးကုန်ပစ္စည်းအတွက် ခိုင်ခန့်၍ သယ်ယူပို့ဆောင်ရာတွင် လွယ်ကူသောကြောင့် လူသားများက အသုံးပြုများလာပြီး စည်းကမ်းတစ်ကျစွန့်ပစ်မှသာ ပတ်ဝန်းကျင်ထိခိုက်မှု မဖြစ်စေနိုင်ကြောင်း၊ ပလစ်စတစ်သည် မြေထု/ရေထုနှင့် လေထု ညစ်ညမ်းမှုများ ဖြစ်ရကြောင်း၊ သုံးစွဲမှုလျော့ချသုံးစွဲသွား ကြမည်ဆိုပါက ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အထောက်အကူဖြစ်လာမှာဖြစ်ကြောင်း စသည်ဖြင့် ဦးဆောင်ဆွေးနွေး ပေးခဲ့သည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ ရရှိနိုင်စေရန် Talk Show များ ကျင်းပဆောင်ရွက်ခြင်း၊ စာအုပ်/ စာစောင်များအခမဲ့ ငှားရမ်းပေးခြင်းနှင့် လူငယ်အသိပညာပေး စကားဝိုင်းများကိုလည်း စဉ်ဆက်မပြတ်ပြုလုပ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်