ငဖဲ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ အေးချမ်းပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားနိုင်ရန် အတွက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အားကစား ပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီက ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းနှင့် သတ်မှတ်နေရာများတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်အားကစား ပြိုင်ပွဲများတွင် ပြေးခုန်ပစ်၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်၊ စားပွဲတင်တင်းနစ်နှင့် စစ်တုရင် ပြိုင်ပွဲများပါဝင်ပြီး ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းတွင် ပြေးခုန်ပစ်၊ စားပွဲတင်တင်း နစ် အားကစားနှင့် မြို့နယ်အားကစားကွင်းတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲများစတင်ကျင်းပပေးလျက်ရှိပြီး ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့် စစ်တုရင်ပြိုင်ပွဲများကို ဇန်နဝါရီလ ၃ရက်နေ့မှ ၄ ရက်နေ့ထိ ကျင်းပဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ပြိုင်ပွဲတွင် ဆုရရှိသူများအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)