(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကျင်းပ

လွိုင်လင် ဇန်နဝါရီ ၂

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၌ ယနေ့ နံနက်ပိုင်းမှစတင်၍ သတ်မှတ်နေရာအသီးသီးတွင် ကျင်းပလျက်ရှိသည်။

အဆိုပါ( ၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲတွင် အားကစားနည်း ရှစ်မျိုးဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စစ်တုရင်၊ မီနီမာရသွန်၊ ထုတ်ဆီးထိုးစသည့်ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိသည်။ စစ်တုရင်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်လည်းကောင်း၊ ဖူဆယ်ဘောလုံပြိုင်ပွဲကို အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ) ဖူဆယ်ကွင်းတွင် လည်းကောင်း၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ထုတ်ဆီးထိုးပြိုင်ပွဲများကို ခရိုင်အားကစားကွင်းတွင် လည်းကောင်း၊ မီနီမာရသွန်ပြိုင်ပွဲကို ဘောလုံးကွင်းရှေ့မှ ဇန်နဝါရီလ ၃ ရက်နေ့ နံနက်(၆) နာရီ တွင်တာလွှတ်ပြီး မိုက်ခရိုဝှေ့စ်မှ ဘောလုံးကွင်းရှေ့တွင် ပြန်လည်ပန်းဝင်မည်ဖြစ်သည်။ ပြိုင်ပွဲအသီးသီးမှ ဆုရရှိသူများကို လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖူဆယ်ဘောလုံးပြိုင်ပွဲတွင်ပြိုင်ပွဲဝင်အသင်း (၁၆)သင်း၊ ပိုက်ကျော်ခြင်း (၁၀)သင်းနှင့် စစ်တုရင် ပြိုင်ပွဲတွင် (၅၀)ဦးရှိ‌ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်