မင်းလှ ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား လွတ်လပ်ရေးနေ့ကို မမေ့လျော့စေရေးအတွက် (၇၅)နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက အ.ထ.က(မင်းလှ) မြို့ပြင်ကျောင်းတွင် (အခမဲ့) ဖြန့်ဝေပေးခဲ့ကြသည်။
သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်နှင့်ဝန်ထမ်းများက အဆိုပါကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများတို့ဖြင့်ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါလက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ ကာတွန်းများစသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
ပေါက်စ (ပြန်/ ဆက်)