အုတ်တွင်း ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ မြို့အဝင် ရန်ကုန်-မန္တလေးကားလမ်းတွင် ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် Sticker Campaign ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲဖြင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် Sticker ကပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြိုနယ်(ပြန်/ဆက်)