မိုးနဲမြို့နယ်၌ ဆောင်းသီးနှံကြက်သွန်ဖြူများ စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

မိုးနဲ ဇန်နဝါရီ  ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်ဟေအုပ်စု ပန်လော့ကျေးရွာနေ ဦးစိုးနိုင်၏ ယာခင်းအတွင်း ဆောင်းသီးနှံ ကြက်သွန်ဖြူများကို ဒီဇင်ဘာလတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ယာခင်းအတွင်း တစ်နိုင်တစ်ပိုင် သီးနှံများအဖြစ် မုန်ညင်းစိမ်း၊ ခရမ်းချဉ်၊ သခွား၊ ဆလတ်၊ ပဲပုပ်၊ ပြောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကို ရာသီအလိုက် ယာခင်းအတွင်း ရေသွင်း၍သော်လည်းကောင်း စိုက်ပျိုးလျက်ရှိကြောင်း၊ ကြက်သွန်ဖြူများကို ဘောင်သဘောဖြင့် စိုက်ပျိုးထားကြောင်း၊ ကြက်သွန်ဖြူစတင်စိုက်ပျိုးချိန်တွင် အပင်အားတိုးဆေးကို ပက်ဖျန်းပေးထားကြောင်း၊ ကြက်သွန်ဖြူဥ ကြီးစေရန်နှင့် ပေါင်းပင်အထွက်နှုန်းနှေးစေရန်အတွက် ကောက်ရိုးကို ဖုံးအုပ်ပေးခဲ့ကြောင်း၊ အပတ်စဉ် ပေါင်းသင်ရှင်းလင်းပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တစ်နိုင်တစ်ပိုင် ဆောင်းသီးနှံကြက်သွန်ဖြူ စိုက်ပျိုးထားသူ တောင်သူဦးစိုးနိုင်ထံမှသိရသည်။

ဇင်ကိုကို (ပြန်/ဆက်)