သတင်းများ

မြို့သစ်မြို့နယ်၌ နွေစပါးများ စိုက်ပျိုးအောင်မြင်ကာ ရိတ်သိမ်းတော့မည်
Jun 06,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နွေစပါးဧကခြောက်ထောင်ကျော် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေကြောင်း သိရသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ဘာသာရပ်မိတ်ဆက်ပွဲ ကျင်းပ
Jun 06,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် ဘာသာရပ်မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်  ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပါသည်။
မဘိမ်းမြို့၌ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) စတင်ထိုးနှံပေး
Jun 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၃)၊ အခြေခံပညာမူလတန်ကျောင်း၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်တက္ကသိုလ်တွင် နှစ်(၅၀)ပြည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Jun 06,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်တက္ကသိုလ် Theatre ခန်းမတွင် ယမန်နေ့နံနက်(၉)နာရီခွဲက၂၀၂၂ ခုနှစ် ဇွန်လ (၅)ရက်နေ့တွင်ကျရောက်သည့် နှစ်(၅၀)ပြည့်ကမ္ဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်
Jun 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့မွန်းလွှဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမှတ်(၂၆၉)၂၀၂၁ ခုနှစ်၊ စက်တင်ဘာလထုတ် နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်းစာအုပ်မှ စာရေးဆရာအောင်ချစ် (ဟဲဟိုး) ရေးသားသည့် တန်ဖိုးသိသူသည်တန်ဖိုးရှိ၏ ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့သန့်ရှင်းသာယာလှပစေရေး ရွှေစေတီဘိုးဘွားရိပ်သာတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Jun 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ သန့်ရှင်းသာယာလှပစေရေး ရွှေစေတီးဘိုးဘွားရိပ်သာတွင်ယမန်နေ့နံနက်(၇)နာရီက ခရိုင်/မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမူရေးပင်စင်ထောက်ပံ့ငွေပေးအပ်
Jun 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာမှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၆)ဦးတို့အား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။
စဉ့်ကူးမြို့တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ၏ မွမ်းမံသင်တန်းဖွင့်လှစ်သင်ကြား
Jun 06,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့တွင် လက်ထောက်မူလတန်းပြ ဆရာ/ဆရာမများ၏ မွမ်းမံသင်တန်းကို ယနေ့နံနက်(၉)နာရီက စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း‌တွင် ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။