ဖြူး ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စတေကာများအား ယနေ့နံနက်ပိုင်းက မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ အခမဲ့ကပ်ပေးခြင်းဖြင့် ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဖြူးမြို့နယ်ရှိ ယာဉ်အသွားအလာများသည့် ပဲခူးလမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းဆုံရာနေရာတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စတေကာများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များနှင့် သုံးဘီးဆိုင်ကယ်များအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အမှတ်တရအနေဖြင့် အခမဲ့ကပ်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ ဆက်)