သတင်းများ

(၇၅) နှစ်မြောက်စိန်ရတုလွှတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် Clean & Green City ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘောဂဝတီ (ကွန်ကရစ်) လမ်းဖွင့်ပွဲကျင်းပ
Jan 02,2023
(၇၅) နှစ်မြောက် စိန်ရတုလွှတ်လပ်‌ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် Clean & Green City  ရန်ပုံငွေဖြင့်ရွက်သော ကွန်ကရစ်လမ်းဖွင့်ပွဲအား ယမန်နေ့ နံနက် ၈ နာရီအချိန်က လက်ခုတ်တန်းရပ်ကွက် ဘောဂဝတီလမ်းအား ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ
Jan 02,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းမကြီးတောင်ဘက်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၄၅)အချိန်က အဆိုပါ မုခ်ဦးရှေ့တွင် ကျင်းပခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေပုတ်လမ်းသွယ်(၃) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားပြုလုပ်
Jan 02,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၁) ရပ်ကွက်၊ ရေပုတ်လမ်းသွယ်(၃) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီ အချိန်က ပြုလုပ်ခဲ့သည်။
ငရုတ်ကောင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ ကျင်းပ
Jan 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ (အထက)တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို ၂၀၂၂-ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့မှ စတင်၍ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ် မီးသတ်ဦးစီးဌာန၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်
Jan 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ် ဦးစီးဌာနရုံးခန်းမတွင်  ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ​ လေ့ကျင့်​ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 02,2023
​(မြောက်ပိုင်း)​ကျောက်မဲခရိုင်၊​ နောင်ချိုမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ​လေ့ကျင့်​ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(၁) ပတ္တမြားခန်းမ၌ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မော်တော်ယာဉ်စတေကာကပ်ခြင်းဆောင်ရွက်
Jan 02,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင်ရောက်ရှိမည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မော်တော်ယာဉ်စတေကာကပ်ခြင်းကို ယနေ့နံနက် ၈နာရီအချိန်က သီရီမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့နှင့် ဟိုပုံး-ဆီဆိုင် ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ဟုမ္မလင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူထုစုပေါင်း စက်ဘီးစီးပွဲ ကျင်းပ
Jan 02,2023
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ လူထုစုပေါင်းစက်ဘီးစီးပွဲကို ယနေ့နံနက် (၆)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။