ဂန့်ဂေါ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ (၇၅)နှစ်မြောက် စိတ်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၈)နာရီအချိန်မှစတင်ကာ ဂန့်ဂေါမြို့ အခြေခံပညာအထက်တန်းကျောင်း(ကျောတိုက်)တွင် ကျင်းပပြုလုပ်လျက်ရှိသည်။
အားကစားပြိုင်ပွဲများသို့ ဂန့်ဂေါမြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်း ကျောင်း(၈) ကျောင်းမှ ကျောင်းသူ/ကျောင်းသားများက ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးအားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ(၂)ရက်နေ့မှ (၃)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများကျင်းပရာသို့ မြို့နယ်ပညာရေးမှူး ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာကြီးများက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
မောင်မျိုးမင်း