သတင်းများ

ကဝမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီအတွက် (ဒုတိယ)အကြိမ် ဂရန်အင်းများ လေလံတင် ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကျင်းပ
May 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ လုပ်ငန်းရာသီနှစ်အတွက် (ဒုတိယ)အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီ က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်မီနိုင်ရေး ဆက်လက်ဆောင်ရွက်
May 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်မီစွာထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသူများအား ဆေးထိုးစုရပ်များတွင် ကျန်းမာရေးဝန်ထမ်းများက ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်၌ ကြက်ခြေနီတပ်ဖွဲ့၏ လူမှုဂရုဏာလုပ်ငန်းအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်
May 31,2022
ကြက်ခြေနီတပ်ဖွဲ့၏ လူမှုဂရုဏာဆောင်ရွက်မှုအကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို
သနပ်ပင်မြို့နယ်၌ (၂/ ၂၀၂၂) အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သည့်
ဗဟန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 31,2022
နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် ပညာသင်အခွင့်အလမ်း ပုံမှန်ပြန်လည်ရရှိ‌ရေးသည် အထူးအလေးထား ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်၊ မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးကို ဆောင်ရွက်ရာတွင် အခြေခံပညာသင်ကြားရေးသည် များစွာအဓိကကျပါသည်၊ အခြေခံပညာသင်ကြားကြမည့် ကျောင်းသားလူငယ်များ ပညာရည်နို့အပြည့်အဝ သောက်စို့နိုင်ရန်အတွက် ဗဟန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးကို ယနေ့နံနက် ၉နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မိုးဦးပန်းခန်းမ၌ ကျင်းပသည်။
မောက်မယ်မြို့နယ်၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
May 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မောက်မယ်အခြေခံပညာအထက်တန်းကျောင်း နှင်းဆီဆောင်ခန်းမတွင်ကျင်းပခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
May 31,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန် က ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ဒိုက်ဦးမြို့နယ်၌ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
May 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပေး သင်တန်းဆွေးနွေးပွဲကျင်းပ ပြုလုပ်သည်။