သတင်းများ

ကလိန်အောင်မြို့၌ အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
Jan 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ နယ်မြေမီးသတ်စခန်းရှိ ခြင်းကွင်း၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရပ်ကွက်ပေါင်းစုံအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပကြောင်း သိရသည်။
မြိတ်မြို့တွင် လူဦးရေစာရင်းမြေပြင် ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်း စနစ်တကျအောင်မြင်စွာဆောင်ရွက်နိုင်ရေး မြို့နယ်ကြီးကြပ်မှုကော်မတီညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 05,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်း လူဦးရေစာရင်းမြေပြင် ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို စနစ်တကျအောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ဇန်နဝါရီ(၅)ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
မလှိုင်မြို့၌ မြို့နယ်အုပ်ချုပ်ရေးမှူး (ဖလား) အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး (ဖလား) အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် အိမ်ထောင်စုလူဦးရေးစာရင်းမြေပြင်ကွင်းဆင်း စမ်းသပ်ကောက်ယူခြင်းအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးမှ လာရောက်ကြည့်ရှုစစ်ဆေး
Jan 05,2023
မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်ကောက်ယူရေးအဖွဲ့မှ မြေပြင်လူဦးရေစာရင်းအားကွင်ဆင်း၍ အကြို စမ်းသပ်ကောက်ခဲ့ရာ ကွင်းဆင်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဆွေလွင်အောင်၊
သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 05,2023
သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးရှေ့ရှိ အလံတိုင်၌ ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်တွင် (၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုကျင်းပရာ မြို့နယ်ရဲတပ်ဖွဲ့က နိုင်ငံတော်အလံကိုလွှင့်တင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။
ကျောက်ဆည်မြို့နယ် ထားဝယ်ကျေးရွာတွင် ကန်စွန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jan 05,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယာမြေနှင့် ကိုင်းကျွန်းမြေများတွင် နေ့စဉ်ဝင်ငွေရရှိသော ဆူးပုတ်၊ ချဉ်ပေါင်၊ ကြက်သွန်မိတ်၊ ပင်စိမ်း၊ ဆလပ်၊ ဘူး၊ ငရုပ်၊ ကြက်ဟင်းခါး၊ တိုင်ထောင်ပဲတောင့်ရှည်၊ ခရမ်း စသည့် ကုန်စိမ်းသီးနှံများဖြစ်သော ဟင်းသီး၊ ဟင်းရွက်ပင်များ စိုက်ပျိုးရောင်းချလျက်ရှိရာ ထားဝယ်ကျေးရွာ၌စိုက်ပျိုးထားသော ကန်စွန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
သရက်ချောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်ပြခန်း ခင်းကျင်းပြသခြင်းထားမှုကို ကြည့်ရှုလေ့လာ
Jan 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်ပြခန်း ခင်းကျင်းပြသခြင်းထားမှုကို ယနေ့နံနက်၁၀နာရီက သွားရောက် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။