သာစည်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ

သာစည် ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့်သဝဏ်လွှာဖတ်ပွဲကို ယမန်နေ့နံနက်က  ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အလံတင်အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ရာတက်ရောက် လာသူများနှင့်ဂုဏ်ပြုတပ်ဖွဲ့တို့က   နေရာယူကြပြီး နံနက် ၄ နာရီ  ၂၀  မိနစ်တွင်   နိုင်ငံတော်အလံကို    လွှင့်တင်အလေးပြုကြသည်။   ဆက်လက်ပြီး  နံနက် ၇  နာရီတွင်  သဝဏ် လွှာဖတ်ပွဲကို   မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ တက်ရောက်လာသူများက နိုင်ငံတော်အလံကို  ဦးစွာအလေးပြုကြသည်။   ထို့နောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က ဖတ်ကြားသည်။ ဆက်လက်ပြီး  အထက(၁)ကျောင်းသူလေးများက  ထာဝရသစ္စာသီချင်းဖြင့်  ကပြဖျော်ဖြေပြီး  (၇၅) နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျင်းပပြုလုပ်သော အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲ၊ အမျိုးသားဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲအသီးသီးတို့၌  ဆုရရှိသူများကို   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်  ဌာနဆိုင်ရာများနှင့် တာဝန်ရှိ သူများက ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်း၊ ဆုဖလားနှင့်ဆုချီးမြှင့်ငွေများ ပေးအပ်ချီးမြင့်သည်။ ၎င်းနောက် အထက(၂)ကျောင်းသူလေးများက  စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်ဖြင့် ကပြ ဖျော်ဖြေခဲ့ကြောင်းသိရသည်။     

အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ဆရာ/မများ၊ဆုရရှိသော အားကစားသမားများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။   

  မြို့နယ်ပြန်/ဆက်