သတင်းများ

ရွှေဘိုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်​ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ကျင်းပ
Jan 05,2023
စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်/မြို့နယ် စီမံခန့်ခွဲမှု​ကော်မတီနှင့် ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ​ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်က အ.ထ.က(၂) အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြိုသောအားဖြင့်  ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲများပြုလုပ်
Jan 05,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြိုသောအားဖြင့်  ကာယ/ဉာဏ စွမ်းရည် ပြိုင်ပွဲများ ယမန်နေ့နံနက် ၁၀ နာရီက သာသနာ့ဗိမာန်တော်ကြီးအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
သာစည်မြို့နယ် ဘုရားငါးဆူကုန်ထုတ်စခန်းမှ အကျဉ်းသား ၁၈ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ
Jan 05,2023
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံကျေးရွာအုပ်စုရှိ   အကျဉ်းဦးစီးဌာန ဘုရားငါးဆူကုန်ထုတ်စခန်းမှ  အကျဉ်းသား လုပ်အားရှင် ၁၈ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိခဲ့ရာ ယမန်နေ့ နေ့လယ် ၁ နာရီက ဆုံးမဩဝါဒစကားပြောကြားပြီး    လွတ်ပေးခဲ့ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွှတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Jan 05,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပခြင်းကို ညောင်ဦးမြို့နယ်လုံးဆိုင်ရာ ပြည်သူ့ အားကစားကွင်းကြီးနှင့် ရပ်ကွက်အသီးသီး၌ ယမန်နေ့ နံနက် ၈ နာရီအချိန်မှစတင်ပြီး စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။      
မြောင်းမြအကျဉ်းထောင်မှ အကျဉ်းသား/အကျဉ်းသူ (၁၆၆ )ဦး ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြု
Jan 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်  မြောင်းမြ အကျဉ်းထောင်မှ အကျဉ်းသား ၁၅၀ ဦး၊ အကျဉ်းသူ (၁၆) ဦး၊ စုစုပေါင်း (၁၆၆)ဦးကို ယမန်နေ့မွန်းလွဲ (၂:၀၀) နာရီက ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ငပုတောမြိူ့၌ (၇၅)နှစ်​မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား  ဆုများ​  ချီမြှင့်​ပေးအပ်
Jan 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပမ္မဝတီ ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီး  ​ဒေါ်နီလာထွန်း၊ အဖွဲ့ဝင် (၁)ဗိုလ်မှုး ဖြိုးသူရကျော်၊ အဖွဲဝင် (၂) ဦးသန်းဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
မော်လိုက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jan 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ် ပျော်ပွဲရွှင်ပွဲများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်ပြည်သူ့အားကစားကွင်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မိုးညှင်းဗဟိုအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား အကျဉ်းသူ (၄၈)ဦး လွတ်မြောက်
Jan 05,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အကျဉ်းဦးစီးဌာန မိုးညှင်းဗဟိုအကျဉ်းထောင်မှ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယမန်နေ့မွန်းလွဲ (၁)နာရီခွဲက အကျဉ်းသား အကျဉ်းသူ (၄၈)ဦး လွတ်မြောက်ပေးခဲ့ကြောင်း သိရသည်။