သတင်းများ

ပေါက်ခေါင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘောလီဘောနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲပြိုင်ပွဲဗိုလ်လုပွဲများကျင်းပပြီး ဆုများချီးမြှင့်
Jan 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ် အားကစားခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျေးရွာပေါင်းစုံဘောလီ‌ဘောပြိုင်ပွဲနှင့်ဌာနပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲစဥ်များ ကျင်းပပြုလုပ်ပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ည‌နေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
“ဆင်ဖြူရှင်” စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင် စခန်းရှိ အကျဉ်းသား (၂၂) ဦးအား စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းခွင့်ပြု
Jan 05,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်စာအမှတ် (၁/၂၀၂၃) ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်အရ တနင်္သာရီတိုင်းဒေသကြီး   တနင်္သာရီမြို့နယ်၊  သိန်ခွန်းကျေးရွာအုပ်စု၊ ထုံခါကျေးရွာရှိ  အကျဉ်း ဦးစီးဌာန ဆင်ဖြူရှင်စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ ရာဇဝတ်ကျင့် ထုံးဥပဒေ(၄၀၁)၊ ပုဒ်မခွဲ (၁) အရ လွတ်မြောက်ကြမည့် အကျဉ်းသား(၂၂)ဦးတို့အား ပြစ်ဒဏ်များ လျှော့ပေါ့၍ လွတ်ငြိမ်းချမ်းသာခွင့် ပြုခြင်းအခမ်းအနားကို  ဇန်နဝါရီလ ၄ ရက်နေ့ (စိန်ရတု လွတ်လပ်ရေးနေ့) မွန်းလွှဲ ၁ နာရီအချိန်က ၎င်းအသက်မွေးမှု အတတ်သင်စခန်း- စခန်း တာဝန်ခံရုံးအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဖြူအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား၊ အကျဉ်းသူ(၂၄)  ဦး လွှတ်ပေး
Jan 05,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူအကျဉ်းထောင်တွင် ပစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/ အကျဉ်းသူ (၂၄)ဦးအား နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ အကျဉ်းထောင်၌ ကျင်းပပြုလုပ်သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျောက်တန်းမြို့နယ် မြို့နယ်သံဃနာယက ရုံးဖွင့်ပွဲအခမ်းအနားနှင့် ရွှေမှော်သာသမာ့ဗိမာန်အကြီးစား ပြန်လည်မွမ်းမံမှုအောင်မြင်ပြီးစီးခြင်း အခမ်းအနားကျင်းပ
Jan 05,2023
၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ မြို့နယ်သံဃနာယကရုံးသစ်ဖွင့်ပွဲနှင့် ရွှေမှော်ဝန်းသာသနာ့ဗိမာန် အကြီးစားပြုပြင်မှုအောင်ပွဲအား ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်သံဃနာယကရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဒလမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား(ဖူဆယ်) ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ ရိုးရာအားကစားနည်း(၁၀)မျိုးပြိုင်ပွဲများ၌ ဆုရရှိသူများနှင့် မြို့နယ်ဂုဏ်ဆောင်မြန်မာ့သိုင်းအဖွဲ့အား ဆုများချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jan 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ ရိုးရာအားကစားနည်း (၁၀)မျိုးပြိုင်ပွဲများ၌ ဆုရရှိသူများနှင့်မြို့နယ်ဂုဏ်ဆောင်မြန်မာ့သိုင်းအဖွဲ့အားဆုများချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီက ကမာကသွယ်ရပ်ကွက်၊ ဗိုလ်တေဇအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောက်ဖြူမြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ဆုပေးပွဲ အခမ်းအနား ကျင်းပ
Jan 05,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ဆုပေးပွဲအခမ်းနားကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်တွင် အဆိုပါခန်းမ၌ ကျင်းပခဲ့သည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ကရင်ပြည်နယ်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူ (၁၇၀) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
Jan 05,2023
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အား ဂုဏ်ပြုသောအားဖြင့် ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီးသည့်အပြင် စည်းကမ်း ကောင်းမွန်စွာ နေထိုင်ကြသော အကျဉ်းသား၊ အကျဉ်းသူများအား စည်းကမ်းသတ်မှတ်ချက်များဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ရာ အကျဉ်းဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိ အကျဉ်းသား၊ အကျဉ်းသူ ၁၇၀ ဦး ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ရရှိခဲ့သည်။
ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား (၂၉) ဦး လွှတ်ပေး
Jan 05,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဉ်းထောင်မှ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား (၂၉) ဦး လွှတ်ပေးခြင်းအခမ်းအနားကို ယနေ့မွန်းလွှဲ (၁) နာရီခွဲအချိန်က ဘူးသီးတောင်မြို့ အကျဉ်းဦးစီးဌာန မြတ်ရတနာဓမ္မာရုံ၌ ကျင်းပ ပြုလုပ်သည်။