သာယာဝတီ ဇန်နဝါရီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် သာယာဝတီဗဟိုအကျဉ်းထောင်မှ အကျဉ်းသား(၁၆၇)ဦး၊ အကျဉ်းသူ(၁၃)ဦး စုစုပေါင်း(၁၈၀)ဦးလွတ်ငြိမ်းခွင့်ရရှိခဲ့ကြပြီး ဇန်နဝါရီ(၄)ရက် နံနက် ၉ နာရီမှစတင်၍ အကျဉ်းထောင်မှ ထောင်လွတ်လက်မှတ်၊ စားစရိတ်နှင့် ခရီးစရိတ်များပေးအပ်ပြီး လွတ်ပေးခဲ့သည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာ၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ(၄၀၁)၊ ပုဒ်မခွဲ(၁)အရ“ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့်ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)