မင်းလှ ဇန်နဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ဦးဆောင်ကျင်းပသည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ဇန်နဝါရီ ၄ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
အားကစားပြိုင်ပွဲများကို မြို့နယ်အောင်တံခွန်အားကစားကွင်း၌ ဖူဆယ်ပြိုင်ပွဲ၊ ခေါင်းအုံးရိုက်၊ ချောတိုင်တတ်၊ ကြက်တောင်ရိုက်၊ အိတ်စွပ်ပြေး၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ပေး၍ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့အပြင် မြို့နယ်မူကြိုကျောင်းဝန်းအတွင်း ရိုးရာခြင်းအလှခတ်ဖျော် ဖြေတင်ဆက်ပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ(ပြန်/ ဆက်)