မြောင်းမြမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီနီမာရသွန်ပြေးပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ​

မြောင်းမြ ဇန်နဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် နံနက်ပိုင်းကစ၍ မီနီမာရသွန်ပြေးပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မီနီမာရသွန်ပြေးပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့မှ စတင်တာလွှတ်ပြီး   မြို့မအားကစားကွင်းကို ၁၀ ပတ် ပြေးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆုရရှိသူများကို ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများကို ချီးမြှင့်ခဲ့ရာ မီနီမာရသွန်ပြေးပွဲတွင်  ယောင်္ကျားလေးနှင့်  မိန်းကလေးခွဲခြား ဆုချီးမြှင့်ပြီး  ပထမဆု ကျပ်သုံးသိန်းစီ၊  ဒုတိယဆုကို ကျပ်နှစ်သိန်းစီ၊ တတိယဆုကို ကျပ်တစ်သိန်းစီနှင့် နှစ်သိမ့်ဆုရရှိသူများကိုလည်း ငွေသားဆုများ အသီးသီး ချီးမြှင့် ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့တွင် ယနေ့တွင် ၇၅ နှစ်မြောက်  စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီနီမာရသွန်ပြေးပွဲနှင့် ချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲများ၊ ဘောလုံးပြိုင်ပွဲများကို ကျင်းပ ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် ပြန်ဆက်