သတင်းများ

ပခုက္ကူမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အလံတင်ခြင်းနှင့်သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
Jan 05,2023
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အလံတင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း ကျင်းပပြုလုပ်သည်။
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/ သူ(၄၁၄)ဦးအားလွတ်ငြိမ်းချမ်းသာခွင့်ပြု
Jan 05,2023
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့တွင် ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း တစ်နိုင်ငံလုံးရှိအကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ(၇၀၁၂)ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများတွင် လာရောက်ကြည့်ရှုသူ များပြား
Jan 05,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  ရွှေဝယ်သီရိအားကစားရင်ပြင်၌ ခင်းကျင်းပြသထားသော(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းများတွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများဖြင့်လာရောက် ကြည့်ရှုသူများပြားလျက်ရှိသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jan 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံလွှင့်တင်ခြင်းကို နံနက် (၄)နာရီ (၂၀) မိနစ်၌ ကျင်းပပြီး သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယ‌မန်နေ့ နေ့နံနက်(၇)နာရီ၌ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်မြို့တော်ခန်းမရှေ့မြက်ခင်းပြင်၌ ကျင်းပပြုလုပ်သည်။
ပုသိမ်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ
Jan 05,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ပုသိမ်ကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ (၇၅)နှစ်မြောက် စိန်ရ တုလွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ယမန်နေ့ နံနက် ၄ နာရီ မိနစ်၂၀ အချိန်က ကျင်းပခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသား(၉၅)ဦး လွတ်ငြိမ်းခွင့်ရရှိ
Jan 05,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အမှတ် (၁/၂၀၂၃)ကျင့်ထုံးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ အကျဉ်းထောင်အတွင်း စည်းကမ်းနှင့်အညီနေထိုင်သော အကျဉ်းသား၊ ကျား(၇၃)ဦး၊ မ(၂၂)ဦး စုစုပေါင်း(၉၅) ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ရရှိကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲနှင့် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်ပြိုင်ပွဲများ ဆုပေးပွဲကျင်းပ
Jan 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားပွဲကို ယမန်နေ့ နံနက် ၇ နာရီအချိန်က အမှတ်(၁) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနား ကျင်းပ
Jan 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စည်ကားသိုက် မြိုက်စွာကျင်းပခဲ့သည်။