သတင်းများ

ထန်းတပင်၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအားကစားပြိုင်ပွဲများတွင်ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများအား ဆုများပေးအပ်ချီးမြှင့်
Jan 05,2023
မျိုးဆက်သစ်လူငယ်ကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း ဘောလုံး၊ ဖူဆယ်၊ ဘောလီဘောနှင့်ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများ ထန်းတပင် မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိပြီး ယမန်နေ့၊ ညနေပိုင်းက ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်အသင်းများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ငါန်းဇွန်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့်အသင်းများအား ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2023
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် ငါန်းဇွန်မြို့မအားကစားကွင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျင်းပပြုလုပ်သည့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့်အသင်းများ၊ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂နာရီခွဲအချိန်က ဆုများချီး မြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးညှင်းတက္ကသိုလ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Jan 05,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်အတွင်းရှိ အားကစားကွင်း၌ ကျင်းပသည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းနှင့်အားကစားပြိုင်ပွဲများ ကျင်းပ
Jan 05,2023
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီ အချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲများကျင်းပ
Jan 05,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယာပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ် ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်(၈)နာရီမှစတင်၍ မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ပြီး၊ ညနေ (၄)နာရီတွင် ဆုချီး မြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။
ကျောက်တံခါးမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်  အားကစားပြိုင်ပွဲများ ကျင်းပ
Jan 05,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့က မြို့နယ်အားကစားပြိုင်ကွင်းနှင့် ကွင်းတောင်ရပ်ကွက် အားကစားအတွင်းတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်/စခန်းအသီးသီးမှ အကျဉ်းသား/အကျဉ်းသူ ၄၈၅ ဦးလွတ်မြောက်
Jan 05,2023
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ အမိန့်အမှတ်၊ ၁/၂၀၂၃ ဖြင့် ယနေ့မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် (ခရစ်နှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်) နေ့တွင် ကျရောက်သည့် (၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊
ပန်းတောင်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်စာပေပြိုင်ပွဲ(စာစီစာကုံး၊ ကဗျာ၊ ဉာဏ်စမ်းပဟေဋိ)ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ (စာစီစာကုံး၊ ကဗျာ၊ ဉာဏ်စမ်းပဟေဋိ) ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့မစာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။