သတင်းများ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် အဆိုပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ
Jan 05,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် အဆိုပြိုင်ပွဲ ဆုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ အဆိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အဆိုဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်၌ ရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ပတ်တန်းကျေးရွာတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့်ဟိန်းတော်ဝင်ကုမ္ပဏီလီမီတက်မှ တာဝန်ယူဆောင်ရွက်သောတလိုင်းကုန်း-ပတ်တန်း-ဘေကြီးကုန်းရွာချင်းဆက်ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က ကျင်းပခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်  မြန်မာ့ရိုးရာမြင်းစီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 05,2023
(၇၅)နှစ်မြောက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အဖွဲ့ချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲများကို ဇန်နဝါရီ  ၂ ရက်နေ့က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စတင်ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြိုင်ပွဲအမျိုးအစားအလိုက် ဗိုလ်လုပွဲများ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ရန်ကုန်တိုင်း‌ဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းနှင့်တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
စမ်းချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ
Jan 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲဆုပေးပွဲကို ယနေ့နံနက်(၇)နာရီ(၄၀)မိနစ်အချိန်က စမ်းချောင်းမြို့နယ် ရှင်စောပုရပ်ကွက်၊   ပဒုမ္မာအားကစားကွင်းတွင်  ကျင်းပပြုလုပ်သည်။
မြောက်ဦးမြို့ ၌  (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဌာနပေါင်းစုံ ဗိုလ်လုပွဲ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ နှင့်ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 05,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဌာနပေါင်းစုံ ဗိုလ်လုပွဲ ပိုက်ကျော်ခြင်း ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ထမ္မရာဇ်ရပ်ကွက် မင်းစောမွန် အားစကားအတွင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ နှင့် ဆ
Jan 05,2023
စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးသည် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ဉပဒေချုပ်တို့နှင့်အတူ ယမန်နေ့ နံနက်(၁၁)နာရီက မုံရွာမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပညာရေးမှူးရုံး၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်‌ရေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဝေါမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Jan 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်း၌ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးနေ့ကို မမေ့အပ်စေရန်နှင့် ကျောင်းတွင်း စာပေသင်ကြားရေးသာမက ကာယဉာဏစာရိတ္တ၊ ရသစသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်သော အနာဂတ်မျိုးဆက်သစ်များ မွေးထုတ်ပေးရာဖြစ်သည့် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ အားကစားပြိုင်ပွဲများတွင် အားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်သည့် အကျိုးကျေးဇူးများရရှိစေရန်ရည်ရွယ်ချက်ဖြင့် ယမန်နေ့နံနက် ၉ နာရီက အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ရွှင်စွာအားကစားပြိုင်ပွဲများ ကျင်းပ
Jan 05,2023
မော်လမြိုင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ ရပ်ကွက်/ကျေးရွာများတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။