ငါးသိုင်းချောင်း ဇန်နဝါရီ ၅
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့(အကြို) မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်(ဂိုးလတ်)ဘောလုံးပြိုင်ပွဲများကို၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၁၉)ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနား၌ ပထဆုရရှိသော NTG အသင်းအားမြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က တံခွန်စိုက်ဒိုင်းဆုကိုချီး မြှင့်ပေးအပ်ခဲ့ပြီး ဒုတိယဆုရရှိသော ခိုတောင်အသင်းအား မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးအောင်ကျော်စိုးကလည်းကောင်း၊ တတိယဆုရရှိသော သရက်ကုန်းအသင်းအား မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွှန့်ကလည်းကောင်း အသီးသီး ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ မြို့ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက အကောင်းဆုံးဂိုးသမားဆုရရှိသော NTG အသင်းမှ မောင်မင်းခန့်၊ နောက်တန်းကစားသမား အကောင်းဆုံးဆုရရှိသော သရက်ကုန်းအသင်းမှ မောင်ဝေဖြိုးပိုင်၊ အလယ်တန်းကစားသမား အကောင်းဆုံးဆုရရှိသော ခိုတောင်အသင်းမှ မောင်မိုး၊ ရှေ့တန်းအကောင်းဆုံး ကစားသမားဆုရရှိသော NTGအသင်းမှ မောင်ပုတုတို့အားဆုများချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။
ငါးသိုင်းချောင်းမြို့တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့(အကြို) ကျင်းပပြုလုပ်သည့် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်(ဂိုးလတ်)ဘောလုံးပြိုင်ပွဲများကို အသင်း(၃၃)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယနေ့လွတ်လပ်ရေးနေ့တွင် ဗိုလ်လုပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူများ၊ ပြိုင်ပွဲဝင်အသင်းသားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စည်းလုံးညီညွှတ်ပျော်ရွှင်စွာဖြင့် အားပေးကြည့်ရှု့ခဲ့ကြကြောင်း သိရှိရပါသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)