သာစည်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပဆုများချီးမြှင့်

သာစည် ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အားကစားပြိုင်ကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အားကစားပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်ကြပြီး မီတာ ၁၀၀ ကျား/မ အပြေးပြိုင်ပွဲ၊ မီတာ ၁၀၀ ကျား/မ အာလူးကောက်ပြိုင်ပွဲ၊ မီတာ ၁၀၀ ကျား/မ အိတ်စွတ်ပြေးပြိုင်ပွဲနှင့် ကျား/မ လွန်ဆွဲပြိုင်ပွဲ၊ မီတာ ၁၀၀ မ စကောရွက်၊ မ ထုပ်ဆီးတိုးပြိုင်ပွဲ၊ ကျား ခေါင်းအုံးရိုက်နှင့် ချောတိုင်တက်ပြိုင်ပွဲများပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် တစ်ဦးချင်းဆုများနှင့် အသင်းအဖွဲ့အလိုက် ဆုများပေးအပ်ချီးမြှင့်ကြောင်း သိရသည်။

ထွန်းထွန်း