သတင်းများ

လွတ်လပ်ရေးဆုတောင်းပြည့်စေတီတော် ဗုဒ္ဓါဘိသေကအနေ ကဇာတင်ပူဇော်ခြင်း အခမ်းအနား ကျင်းပ
Jan 05,2023
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက်တွင် တည်ထားကိုးကွယ်သော လွတ်လပ်ရေးဆုတောင်းပြည့် စေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရောင်ခြည်တော်ဖွင့်ရွှေသင်္ကန်းတော် ပြန်လည်ကပ်လှူပူဇော်ခြင်း၊
ဒိုက်ဦးမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Jan 05,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်  ဒိုက်ဦးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၇)နာရီကမြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
သီပေါမြို့ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် အကြိမ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်ဖွင့်ပွဲအား သီတဂူဆရာတော်ကြီးမှဖဲကြိုးဖြတ်ဖွင့်လှစ်
Jan 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊မဟာမြတ်မုနိဘုရားကြီး၊သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ၂၀၂၃ခုနှစ် ၊ ဇန်နဝါရီလ၄ ရက်နေ့ နံနက်(၈)နာရီတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိသီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရက မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုအားအကြိမ်(၅၀)ပြည့်ရွှေရတုအဖြစ် ၂၀၂၃ခုနှစ် ၊ ဇန်နဝါရီလ၄ ရက်နေ့ နံနက်(၈)နာရီတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်  အားကစားပြိုင်ပွဲနှင့်ပျော်ပွဲရွှင်ပွဲများကျင်းပ
Jan 05,2023
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင်၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို နိုင်ငံတော်၏အထိမ်းအမှတ်နေ့တွင် အများပြည်သူများကြား အားကစားနည်းများပါဝင်ဆင်နွဲ၍ အားကစားအသိပညာများရရှိရန်၊ လူထုအကြားစည်းလုံညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုနှင့်အတူ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ ပူးပေါင်းကာ ယနေ့နံနက်၉နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်များဖြစ်သော အမှတ်(၁၂၄)၊ (၁၃၄)၊ (၁၅၆)၊ အမှတ်(၇)၊ အမှတ်(၁၁)ရပ်ကွက်များအပါအဝင် ရပ်ကွက်၊ ကျေးရွာများအလိုက် ကျင်းပလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသက် (၂၀)အောက် ဖူဆယ်ဘောလုံးပြိုင်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 05,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသက် (၂၀) အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အားစကားပြိုင်ပွဲများဆုပေးပွဲအခမ်းအနားကို ကုသည်တန်းရပ်ကွက် နန်းတော်ရာကုန်းဘေး ဘောလုံးကွင်းဟောင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်
Jan 05,2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင်ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းကို ယမန်နေ့ညနေ(၅)နာရီအချိန်က ကျောက်တိုင်ကွင်းတွင် ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအတွင်း နယ်မြေ မီးသတ်စခန်းသစ် (၉)ခုကို တိုးချဲ့ဆောက်လုပ်ပေးနိုင်ခဲ့
Jan 05,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒေသတွင်း မီးလောင်မှုအကြိမ်ရေ လျော့နည်းကျဆင်းစေရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုတန်ဖိုးများ လျော့နည်းကျဆင်းစေရေးနှင့် သဘာဝဘေး အန္တရာယ်များဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျှင်အမြန် တုန့်ပြန်ဆောင်ရွက်နိုင် စေရေးတို့အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအတွင်း နယ်မြေမီးသတ်စခန်းသစ် (၉)ခုကို တိုးချဲ့ဆောက်လုပ်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ပြည်ကြီးတံခွန်မြို့နယ်၌ ကျင်းပ
Jan 05,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ.ထ.က (၂၇) ကျောင်းတို့ပူးပေါင်း၍ ကျောင်းသား/သူများကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ အမှတ်(၂၇) အခြေခံပညာအထက်တန်း ကျောင်း အားကစားကွင်းတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန့်နေ့ နံနက်ပိုင်း (၈) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။