သတင်းများ

မြောက်ဦးမြို့၌ လိုင်စင်မဲ့ဆိုင်ကယ်များ ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုးဆောင်ရွက်
Jan 05,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့မော် တော်ဆိုင်ကယ် များအား One Stop Service (OSS) ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် ဆိုင်ကယ်၊ မော်တော်ယဉ်များ သက်တမ်းတိုးဆောင်ရွက်ခြင်းကို အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် အေးရွာကျေးရွာတွင် ကီလိုမာလကာစိုက်ပျိုးရောင်းချသူများ မိသားစု အပိုဝင်ငွေရရှိ
Jan 05,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့်  ဆန်၊ စပါးအပြင်  ကာလတို သီးနှံများနှင့် ဈေးကွက်ဝင်  ဟင်းသီး၊ ဟင်းရွက်ပင်များ၊ နနွင်း၊ နှမ်း၊ ဝါ၊ ငှက်ပျော၊ ပဲတီစိမ်း၊ ငရုပ်စသည့် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ သံရွာကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင် ကီလိုမာလကာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများ မိသားစုအပိုဝင်ရရှိပြီး စားဝတ်နေရေးဆင်ပြေလျက်ရှိကြောင်း သိရှိ သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား ကိုကိုးကျွန်း၌ကျင်းပ  
Jan 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုကျွန်းမြို့နယ်တွင် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို အစီအစဉ်နှစ်ပိုင်းဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးကျန်းမာရေး ပြိုင်ပွဲကျင်းပ
Jan 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊  မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးကျန်းမာရေးပြိုင်ပွဲ ကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
Jan 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ကျောက်တန်းမြို့ အထကမြိုင်သာယာကျောင်းခန်းမပြုလုပ်ခဲ့သည်။
မအူပင်အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား/အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့် ပြုသဖြင့် ပြန်လည်စေလွှတ်ခြင်းအခမ်းအနားကျင်းပ
Jan 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်အကျဉ်းထောင်တွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှစ်လုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ မအူပင် အကျဉ်းထောင်၌ ပြစ်ဒဏ်ချခံလျက်ရှိသည့် အကျဉ်းသား/အကျဉ်းသူ (၁၂၃)ဦးအား ယမန်နေ့မွန်းလွှဲ (၁) နာရီအချိန်က လွတ်ငြိမ်းချမ်းသာခွင့်ပြုသဖြင့် ပြန်လည်စေလွှတ်မှု အခမ်းအနားကို မအူပင်အကျဉ်းထောင်ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကလေးမြို့၌ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့  အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပ
Jan 05,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာပန်းခြံ လွတ်လပ်ရေးကျောက်တိုင်တွင် ကျင်းပခဲ့သည်။
တွံတေးမြို့ပေါ်ရပ်ကွက်များ၌ အားကစားပြိုင်ပွဲများ စည်းကားသိုက်မြိုက်စွာကျင်းပ
Jan 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီမှစတင်ကာ ရပ်ကွက်များ၌ အသီးသီးကျင်းပလျက်ရှိကြောင်း သိရသည်။