သတင်းများ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အခြေခံပညာကျောင်း (၃၄)ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
May 31,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်း (၃၄)ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုးညိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပပြုလုပ်
May 31,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ
အိန္ဒိယနိုင်ငံမှ ဂုဏ်ထူးဆောင်(Ph.D) ဒေါက်တာဘွဲ့ နိုင်ငံတော်အစိုးရမှ မဟာသဒ္ဒမ္မဇောတိကဓဇ၊ သဒ္ဒမ္မဇောတိကဓဇ၊ မင်္ဂလဓမ္မဇောတိကဓဇ(Y.M.B.A) ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တအရိယဝံသအား ဂုဏဝသိဋ္ဌပူဇာပွဲတော်ကျင်းပ
May 31,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွှေစေတီကျောင်းတိုက်ဦးစီးပဓာနနာယက အိန္ဒိယနိုင်ငံမှ ဂုဏ်ထူးဆောင်(Ph.D)ဒေါက်တာဘွဲ့၊ နိုင်ငံတော်အစိုးရမှ မဟာသဒ္ဒမ္မဇောတိကဓဇ၊ သဒ္ဒမ္မဇောတိကဓဇ၊ မင်္ဂလဓမ္မဇောတိကဓဇ(Y.M.B.A)ဘွဲ့တံဆိပ်တော်ရ ဒေါက်တာအရိယဝံသအား ဂုဏဝသိဋ္ဌပူဇာပွဲတော်ကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့လောကာနန္ဒာစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမ္မာန်တော်၌ ကျင်းပသည်။
ဝိုင်းမော်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ
May 31,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက် ၉ နာရီတွင် အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တနိုင်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 31,2022
၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်ခန့်က ပုန်ခုန်းရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ရေနံချောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းဖွင့်လှစ်
May 31,2022
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကာ ကျန်းမာရေးနှင့်ပတ်သက်၍ ရုတ်တရက်ဖြစ်ပွားကြုံတွေ့လာပါက ရှေးဦးသူနာပြုစုနည်းဖြင့် အသက်ကယ်တင်နိုင်ရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိကြောင်းသိရသည်။
ရှင်ဗွေယန်မြို့တွင် ကျောင်းအပ်နှံခြင်း လုပ်ငန်းများဆောင်ရွက်
May 31,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်းတို့၌ မေလ ၂၈ ရက်နေ့ နံနက် ၉ နာရီမှစ၍ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများ စတင်လက်ခံခဲ့ကြောင်း သိရသည်။
‌ချောင်းဆုံမြို့နယ်၌ (၂၀၂၂-၂၀၁၃) ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ
May 31,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့ နံနက်၉နာရီခွဲက ချောင်းဆုံမြို့နယ် ပညာရေးမှူးရုံးခန်းမတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများနှင့် ကျောင်းသားမိဘများ၊ မြို့နယ် မိခင်နှင့်ကလေး/အမျိုးသမီးရေးရာအသင်းအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။