ကျိုင်းတုံ ဇန်နဝါရီ ၆
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမှတ် (၁/၂၀၂၃)၊ (၂/၂၀၂၃)တို့ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၆၀ ဦး အား ယမန်နေ့က လွှတ်ပေးခဲ့ကြောင်း သိရသည်။
ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူများအား ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်ကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်နှင့် တာဝန်ရှိသူများ ဆုံးမဩဝါဒစကားများပြောကြားပြီး လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယနေ့ကျိုင်းတုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် နိုင်ငံခြားသားအကျဉ်းသား (၁၀)ဦး၊ အကျဉ်းသူ (၂)ဦး နှင့် နိုင်ငံသား အကျဉ်းသား (၄၃)ဦး၊ အကျဉ်းသူ (၅)ဦး စုစုပေါင်း (၆၀)ဦး လွှတ်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)