သတင်းများ

ကန့်ဘလူမြို့ အ.ထ.က (၁) ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 06,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံ‌တော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ
Jan 06,2023
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ မြန်မာနိုင်ငံတော်အလံတင် အခမ်းအနားနှင့် အလေးပြုပွဲကို ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်တွင် ကျိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံကိုလွှင့် တင်ခဲ့ကြပြီး တက်ရောက်လာကြသူများက အလေးပြုခဲ့ကြသည်။
၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ မြို့နယ်မီးသတ်ဦးစီးမှူး ဖလားပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား ကျင်းပ
Jan 06,2023
၇၅  နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ညောင်ဦးမြို့နယ်အတွင်းရှိ မြို့နယ်မီးသတ်စခန်း၊ ပုဂံ၊ တောင်ဇင်း၊ ငါ့သရောက်၊ စဉ့်ကူးနယ်မြေမီးသတ်စခန်းများ၊ အမှတ်(၁)၊ အမှတ်(၄)၊အမှတ်(၅)ရပ်ကွက် အရန်မီးသတ်နှင့် ကရုဏာရှင်လူမှုရေး အသင်းတို့ဖြင့်  မြို့နယ် သန္ဓေ/အရန်နှင့် ပရဟိတအသင်းများ ချစ်ကြည်ရေး ပိုက်ကျော်ခြင်းဖလား ဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့မှ စတင်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ကစားလာခဲ့ရာ ပြိုင်ပွဲဝင်အသင်း (၁၀) သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ပ‌ညာ‌ရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပနိုင်ရေး အစည်းအဝေးဆောင်ရွက်
Jan 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ခုနှစ် ပ‌ညာ‌ရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပနိုင်ရေး အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်ခန့်တွင် ဆောင်ရွက်ခဲ့သည်။
ဘီးလင်းမြို့နယ်၊ပုညသုခိတာရုံ စာသင်တိုက်အတွင်းရှိ မဟာသန္တိသုခ ငြိမ်းချမ်းရေးမြို့ဦးစေတီတော်မြတ်အားထီး​တော်တင်လှူပွဲနှင့် အနေကဇာတင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
Jan 06,2023
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘုရင့်နောင်ကွက်သစ်ရှိ ပုညသုခိတာရုံ စာသင်တိုက် ဦးစီးပဓာန နာယကဆရာ​တော် ဒေါက်တာဘဒ္ဒန္တ ပညာသာမိ၏ ဦးဆောင်မှုဖြင့် ကျောင်းတိုက်အတွင်း တည်ထားပူဇော်ထားရှိသည့် မဟာသန္တိသုခ ငြိမ်းချမ်းရေးမြို့ဦး စေတီတော်မြတ်အား  ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရွှေထီးတော်မြတ်တင်လှူခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာတက္ကသိုလ်၌ အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပ
Jan 06,2023
 မိတ္ထီလာတက္ကသိုလ်၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့ နံနက် ၇ နာရီအချိန်က အဆိုပါ တက္ကသိုလ်အားကစားခန်းမနှင့် တက္ကသိုလ်ဝန်းအတွင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ Working Group မြေပြင်ကွင်းဆင်းစာရင်းကောက် မွမ်းမံသင်တန်းဖွင့်လှစ်
Jan 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်စုပေါင်းရုံး၀င်းအတွင်းရှိ မြို့နယ်ခန်းမတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ ဖွင့်လှစ်သည် မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၉:၃၀နာရီအချိန်တွင် ကျင်းပသည်။
အုတ်တွင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 06,2023
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက်ပိုင်းက အုတ်တွင်း အထက ပညာသီရိခန်းမ၌ ကျင်းပသည်။