မအူပင်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ ပညာရေးစုံညီပွဲတော်နှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

မအူပင် ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ အမှတ် () အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြတ်ပညာခန်းမအတွင်း ကျင်းပဆောင်ရွက်ခဲ့သည်။

အခမ်းအနားကို Grade-10 မှ ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော်တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းယုမော်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် (ထက်၊ လယ်၊ မူ) အဆင့်များတွင် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကျပန်းစကားပြော၊ အားကစားပြိုင်ပွဲနှင့် လူရည်ချွန်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများနှင့် အလှူရှင်များက ဆုများပေးအပ်ချီးမြှင့်ကာ စုံညီပွဲတော်တွင် ပျော်ရွှင်စွာဆင်နွှဲခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)