သတင်းများ

လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ
Jan 05,2023
လမ်းမတော်မြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၈:၃၀)နာရီက မြမာလာခန်းမ၌ ကျင်းပပြုလုပ်သည်။
(၃၈)ဖြာ မင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်မြို့နယ်အဆင့် စာအောင်ဆုနှင်းသဘင် ကျင်းပ
Jan 05,2023
မွန်ပြည်နယ်၊ သထုံမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝ(YMBA)အသင်းကြီးမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် (၇၃)ကြိမ်မြောက် ၃၈ ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်မြို့နယ်အဆင့်စာမေးပွဲစာအောင်ဆုနှင်းသဘင်နှင့် ဂုဏ်ပြုဆုများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က နောင်ကုလားရွာကြီးကျေးရွာ၊ ဘုရားလေးပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (ဒုတိယအကြိမ်မြောက်) ဆေးပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ
Jan 05,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသော (ဒုတိယအကြိမ်မြောက်)ဆေးပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက စေတီတော်ရင်ပြင်မြတ်စွယ်တော်တိုက်၌ ကျင်းပရာအခမ်းအနားသို့ ရွှေဆံတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီး(၉)ပါးအမှူးပြုသော ပြည်မြို့နယ်အတွင်း ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီး/ဆရာလေးများ၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် စေတနာရှင်/အလှူရှင်များ တက်ရောက်ကြသည်။
ကျိုက်ထိုမြို့နယ် ဖက္ကလိပ်မူလတန်းကြိုကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲနှင့် စုံညီပွဲ‌တော်အခမ်း အနားကျင်းပ
Jan 05,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဖက္ကလိပ်စံပြကျေးရွာ မူလတန်းကြို‌ကျောင်းတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန် အားကစားပြိုင်ပွဲများနှင့် စုံညီပွဲအခမ်းအနားကို ဇန်နဝါရီ(၄)ရက် ညနေ ၃ နာရီက ဖက္ကလိပ်ကျေးရွာ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 05,2023
မွန်ပြည်နယ်၌ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့ မြစ်ကမ်းသာကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လာသီရိ အားကစားကွင်း၌ ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ
Jan 05,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တ‌လာသီရိအားကစားကွင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ခရမ်းမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ
Jan 05,2023
ရန်ကုန်တိုင်းဒေသကြီး၊‌ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၇ နာရီအချိန်က ခရမ်းမြို့ အမှတ်ရပ်ကွက်  အသီးသီးတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 05,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ၂၀၂၃ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲ၊ ရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက အ.ထ.က ကျောင်းနှင့်ကျောင်းရှေ့ဘော်လုံးကွင်းတွင် ကျင်းပလျက်ရှိသည်။