သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုး ဇီးကုန်းမြို့နယ်ရှိ  ပဲတီစိမ်းစိုက်တောင်သူများနှင့်တွေ့ဆုံ၍ သွင်းအားစုများပေးအပ်

ဇီးကုန်း     ဇန်နဝါရီ   ၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နေ့လယ် ၁၂ နာရီက ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြည်သူ့ခန်းမ၌  နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေမှ ဆောင်ရွက်သည့် ပဲတီစိမ်းစိုက်တောင်သူများ အားသွင်းအားစုများ ပေးအပ်သည့်အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးက နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေမှဆောင်ရွက်သည့် ပဲတီစိမ်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းကောင်းစေရေးနှင့် လူမှုစီးပွားမြှင့်တင်ရေးအတွက် လမ်းညွှန်အမှာစကားများပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေမှဆောင်ရွက်သည့် ပဲတီစိမ်းစိုက်တောင်သူများအား သွင်းအားစုများပေးအပ်ခဲ့ပြီး၊ တောင်သူတစ်ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောခဲ့သည်။

ဇီးကုန်းမြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ခုနှစ်၌ တောင်သူ ၁၀၉၅ ဦးမှ ပဲတီစိမ်း(၇၅၅၈)ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)