သတင်းများ

ညောင်ဦးမြို့နယ်၌ ဆောင်းနှမ်းများ နုတ်သိမ်းပြီး ရောင်းချချိန် တစ်တင်း ၇၅၀၀၀ ကျပ် ရောင်းချ
Jan 06,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများ မိုးနှောင်းနှမ်း ခေါ်ဆောင်းဦးနှမ်းများ စိုက်ပျိုအောင်မြင်ဖြစ်ထွန်းခဲ့ကာ နုတ်သိမ်းပြီးရောင်းချချိန် ဆောင်းနှမ်းတစ်တင်း ၇၅၀၀၀ ကျပ် ရောင်းချရခြင်းကြောင့် ညောင်ဦးမြို့နယ် ဆောင်းနှမ်းစိုက်ပျိုးတောင်သူများ တွက်ခြေကိုက်သည့် နှစ်တစ်နှစ်ဖြစ်လာကြောင်းက တောကျေးရွာဆောင်းနှမ်း စိုက်ပျိုးတောင်သူ ဦးမောင်ဝင်းထံက သိရသည်။
သာယာဝတီမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုဂုဏ်ပြုသောအားဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများ တောင်သူများလက်ဝယ်သို့ပေးအပ်
Jan 06,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ဆရာစံခန်းမ၌ကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုများ၊ တောင်သူများလက်ဝယ်သို့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက ပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 06,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာ၌ အလွတ်တန်းဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jan 06,2023
မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က အဆိုပါရပ်ကွက် ရွှေပြည်သာဘောလုံးကွင်း၌ ကျင်းပကြောင်း သိရသည်။
တောင်သာမြို့၌ အိမ်တောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး (Working Group) ရှေ့ပြေးကွင်းဆင်းစာရင်းကောက်ယူရေး ကွင်းဆင်းဆောင်ရွက်
Jan 06,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် အိမ်တောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး (Working Group) ရှေ့ပြေးကွင်းဆင်းစာရင်းကောက် ယူရေးကွင်းဆင်းဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က  တောင်သာမြို့၊ မင်းစုရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုက်မရော အလှပ်ကုန်း အလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Jan 06,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို  ယမန်နေ့ နံနက် ၁၀ နာရီက. အခြေ ခံပညာ အလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ပျော်ဘွယ်မြို့နယ် ဝဲလောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲအဆင့်မှ အခြေခံပညာ အထက်တန်းကျောင်းအဆင့် တိုးမြှင့်ပွဲ ကျင်းပ
Jan 06,2023
ပျော်ဘွယ်မြို့နယ်၊ ဝဲလောင်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲအဆင့်မှ အခြေခံပညာအထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အဆိုပါ ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မန်တုံမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
Jan 06,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား မြို့မအားကစားကွင်းတွင် ကျင်းပဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၃ )နာရီအချိန်က ဘော်လီဘောပြိုင်ပွဲကို မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။