သတင်းများ

ဆိပ်ဖြူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကျင်းပ
Jan 06,2023
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည့်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ပခုက္ကူတက္ကသိုလ်၌ နေ့သင်တန်း(၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင် (အစမ်းလေ့ကျင့်ပွဲ) အခမ်းအနားကျင်းပ
Jan 06,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ပညာသင်နှစ်အလိုက် ဝိဇ္ဇာ/သိပ္ပံဘွဲ့ရလူငယ်မောင်မယ်များ၏ နေ့သင်တန်း(၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင် (အစမ်းလေ့ကျင့်ပွဲ) အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
ချမ်းမြသာစည်မြို့နယ် အမှတ် (၃၄) အထကတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော် ကျင်းပ
Jan 06,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက် (၉၀၂)၊ စစ်ကိုင်းလမ်းခွဲနှင့် မြနန္ဒာလမ်းကြားရှိအမှတ်(၃၄) အခြေခံပညာ အထက်တန်းကျောင်းတွင်  ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉:၄၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ် သာစည်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်
Jan 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် သာစည်ကျေးရွာတွင် ဇန်နဝါရီ(၂)ရက်နေ့ကဖြစ်ပွားခဲ့သည့် မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီက လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
“တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲတွင် တတိယဆုရရှိသည့် နေပြည်တော်ကိုယ်စားပြု အဆိုရှင်ပူတူးကို တပ်ကုန်းမြို့ဒေသခံပြည်သူများကြိုဆို
Jan 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲတွင် တတိယဆုရရှိသည့် နေပြည်တော်ကိုယ်စားပြု အဆိုရှင် ပူတူးကို တပ်ကုန်းမြို့ဒေသခံပြည်သူများ ကြိုဆိုခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက တပ်ကုန်းမြို့အဝင် တိုးဂိတ်အနီးမှ စတင်၍ မြို့တွင်း ရန်ကုန်-မန္တလေး ကားလမ်းဘေး ဝဲ/ယာတွင် ကြိုဆိုလှည့်လည်ခဲ့သည်။
လားရှိုးမြို့၌ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ
Jan 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပြည်ထောင်စုအားကစားကွင်းတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် နေပြည်တော်ကိုယ်စားပြု ဂုဏ်ပြုယာဉ်တည်ဆောက်ရေး ဆပ်ကော်မတီတို့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
Jan 06,2023
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်းအတွင်းရှိ ပြခန်းများကွပ်ကဲရေးမှူးရုံး၌ ကျင်းပသည်။
တပ်ကုန်းမြို့၌  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်  အမျိုးသားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jan 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်ပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၃နာရီခွဲက မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကျင်းပခဲ့သည်။