ဖြူးမြို့နယ်၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

ဖြူး   ဇန်နဝါရီ  ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရာပြည့်ခန်းမတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ​မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောမင်းသူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဇော်မျိုးနောင်နှင့် မြို့နယ်ပညာရေးမှူးဒေါ်သီသီကြိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက်အခမ်းအနားကို ဆက်လက်ကျင်းပရာ ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်သီသီကြိုင်က ပညာရေးစုံညီပွဲတော်ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ ကညွတ်ကွင်း မြို့များမှ အခြေခံပညာအထက်တန်းကျောင်းမျာရှိ ကျောင်းသား/ကျောင်းသူများ၏ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊တိုင်းအဆင့် အားကစားပြိုင်ပွဲများ၊ ဂီတနှင့်အကပြိုင်ပွဲများ၊ စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများချီးမြှင့်ပေးပြီး ကျောင်းသား/ကျောင်းသူများက အကပဒေသာများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)