ဆိပ်ဖြူ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည့်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇန်နဝါရီလ ၂ ရက်နေ့မှ ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့သည်။ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် အလွတ်တန်းဘောလီဘော ၊ ပိုက်ကျော်ခြင်းနှင့် လွန်ဆွဲပွဲများအပါအဝင် အားကစားနည်း(၁၆)မျိုးကို ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံအားကစား ဝါသနာရှင်များနှင့် ကျောင်းသား/ကျောင်းသူများပျော်ရွှင်စွာ ပါဝင်ယှဉ်နွှဲခဲ့ကြပြီး ပြိုင်ပွဲအသီးသီးတွင်ဆုရရှိခဲ့သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးကဲများနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်