တောင်စွန်းကျေးရွာ၊ တောင်စွန်းကုန်ထုတ်စခန်းမှ အကျဉ်းသား(၁၄)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိ
Jan 06,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ်(၁/၂၀၂၃) ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၄၀၁၊ ပုဒ်မခွဲ(၁)အရ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကုန်ထုတ်စခန်းတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား ၁၄ ဦးတို့အား လွတ်ငြိမ်းချမ်းသာ ခွင့်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က တောင်စွန်းအကျဉ်းဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။