နေပြည်တော် ဇန်နဝါရီလ ၆
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်းကွင်းအတွင်းရှိ ပြခန်းများကွပ်ကဲရေးမှူးရုံး၌ ကျင်းပသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီနှင့် နေပြည်တော်ကိုယ်စားပြု ဂုဏ်ပြုယာဉ်တည်ဆောက်ရေး ဆပ်ကော်မတီတို့အား အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နေပြည်တော် ကိုယ်စားပြု ဂုဏ်ပြုယာဉ်တည်ဆောက်ရေးဆပ်ကော်မတီအား ဂုဏ်ပြုယာဉ် အထူးဆုတံဆိပ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ ဆောက်လုပ်ရေးဆပ်ကော်မတီနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပရေးဆပ်ကော်မတီအား ဂုဏ်ပြုဆုတံဆိပ်၊ အထိမ်းအမှတ်ပြခန်းများ ဆောက်လုပ်ရေးဆပ်ကော်မတီနှင့် နေပြည်တော်ကိုယ်စားပြု ဂုဏ်ပြုယာဉ်တည်ဆောက်ရေးဆပ်ကော်မတီအား နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ပြုဆုငွေကျပ် (၁၀၀)သိန်း၊ အထိမ်းအမှတ်ပြခန်းများ ဆောက်လုပ်ရေးဆပ်ကော်မတီနှင့် နေပြည်တော်ကိုယ်စားပြုဂုဏ်ပြုယာဉ် တည်ဆောက်ရေးဆပ်ကော်မတီအား နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ ဂုဏ်ပြုဆုငွေကျပ် (၂၅)သိန်းတို့ကို ချီးမြှင့်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် နေပြည်တော်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်းတို့က လက်ခံရယူကြသည်။
ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးအား ဂုဏ်ပြုဆုတံဆိပ်နှင့်ဂုဏ်ပြုဆုငွေကျပ် (၂၅)သိန်းချီးမြှင့်ရာ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ဦးစီးအရာရှိ(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇော်ကလည်းကောင်း၊ နေပြည်တော်ကိုယ်စားပြု ဂုဏ်ပြုပြခန်းများ အုပ်ချုပ်မှုနှင့်ပြခန်း /ဂုဏ်ပြုယာဉ်များ နေရာစီစဉ်ချထားရေး ဆပ်ကော်မတီအား ယာဉ်တည်ဆောက်ရေးဆပ်ကော်မတီနှင့်ဂုဏ်ပြုဆုတံဆိပ် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် နေပြည်တော်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်းတို့ကလည်းကောင်း၊ နေပြည်တော် အထိမ်း အမှတ်ပြခန်းနှင့်ရိုးရာအစားအစာပြခန်းများ စီစဉ်ဆောင်ရွက်ရေးဆပ်ကော်မတီအား ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ နေပြည်တော် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် နေပြည်တော်စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဟိန်းဇော်တို့ကလည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအား ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်ရာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့ကလည်းကောင်း၊ လုံခြုံရေးဆပ်ကော်မတီအား ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်ရာ လုံခြုံရေးဆပ်ကော်မတီမှ တာဝန်ရှိသူများကလည်းကောင်း၊ အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီအား ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူး နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်ကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများ၊ ရိုးရာအစားအစာပြခန်းများနှင့် ဂုဏ်ပြုယာဉ်များ ခင်ကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
အောင်ကိုကို(ပြန်/ဆက်)