ပခုက္ကူ ဇန်နဝါရီ ၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ပညာသင်နှစ်အလိုက် ဝိဇ္ဇာ/သိပ္ပံဘွဲ့ရလူငယ်မောင်မယ်များ၏ နေ့သင်တန်း(၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင် (အစမ်းလေ့ကျင့်ပွဲ) အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
အခမ်းအနားကို နိုင်ငံတဝှမ်းရှိတက္ကသိုလ်များ၏ ဘွဲ့နှင်းသဘင်အခမ်းအနား လုပ်ထုံးလုပ်နည်း အစီအစဉ်များနှင့်အညီကျင်းပခဲ့ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အထိ ကျင်းပခဲ့သောနေ့သင်တန်းစာမေးပွဲများတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဘွဲ့ရမောင်မယ်(၁၆၄)ဦးများအား ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင် ဦးဆောင်၍ စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့တို့မှ အစီအစဉ်အတိုင်း အစမ်းလေ့ကျင့်ပြုလုပ်ဆောင်ရွက်ကြသည်။
ပခုက္ကူတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အထိ ကျင်းပခဲ့သောနေ့ သင်တန်းစာမေးပွဲများတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် မဟာဝိဇ္ဇာဘွဲ့(၁၉)ဦး၊ မဟာသိပ္ပံဘွဲ့(၄၅)ဦး၊ ဝိဇ္ဇာဂုဏ်ထူးဘွဲ့(၁၀)ဦး၊ သိပ္ပံဂုဏ်ထူးဘွဲ့(၂၈)ဦး၊ ဝိဇ္ဇာဘွဲ့(၂၂)ဦး၊ သိပ္ပံဘွဲ့(၄၀)ဦး၊ စုစုပေါင်းတက်ရောက် ဘွဲ့ရမောင်မယ်(၁၆၄)ဦးနှင့် အဝေးရောက် ဘွဲ့ရမောင်မယ်(၁၆၇)ဦးရှိကြောင်း၊ အဝေးသင် သင်တန်း (ပထမအကြိမ်) ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ဝိဇ္ဇာဘွဲ့(၂၁၃)ဦး၊ ဥပဒေပညာဘွဲ့(၁၁)ဦး၊ စီးပွားရေးပညာဘွဲ့(၅)ဦး၊ စီးပွားစီးမံဘွဲ့(၂)ဦး၊ သိပ္ပံဘွဲ့(၁၄၆)ဦး၊ စုစုပေါင်းတက်ရောက်ဘွဲ့ရမောင်မယ်(၃၇၇)ဦးနှင့် အဝေးရောက်ဘွဲ့ရမောင်မယ်(၃၆၇)ဦးရှိကြောင်း၊ အခမ်းအနားသို့ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့်ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ သင်ကြား/စီမံဌာနမှူးများ၊ တက္ကသိုလ်ဝန်ထမ်းများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)