“တူယှဉ်နွှဲပျော်ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲတွင် တတိယဆုရရှိသည့် နေပြည်တော်ကိုယ်စားပြု အဆိုရှင်ပူတူးကို တပ်ကုန်းမြို့ဒေသခံပြည်သူများကြိုဆို

တပ်ကုန်း ဇန်နဝါရီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲတွင် တတိယဆုရရှိသည့် နေပြည်တော်ကိုယ်စားပြု အဆိုရှင် ပူတူးကို တပ်ကုန်းမြို့ဒေသခံပြည်သူများ ကြိုဆိုခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက တပ်ကုန်းမြို့အဝင် တိုးဂိတ်အနီးမှ  စတင်၍  မြို့တွင်း ရန်ကုန်-မန္တလေး ကားလမ်းဘေး ဝဲ/ယာတွင် ကြိုဆိုလှည့်လည်ခဲ့သည်။

ထို့နောက် ဗိုလ်မင်းရောင်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လာရောက် နှုတ်ဆက်ကြသည့် မြို့ခံပြည်သူလူထုများကို “တူယှဉ်နွှဲပျော် ဂီတပွဲတော်”သီချင်းဆိုပြိုင်ပွဲတွင် တတိယဆုရရှိသည့် အဆိုရှင် ပူတူးက  “ မနဲ့မောင် ” သီချင်းတစ်ပုဒ်ဖြင့် သီဆိုဧည့်ခံဖျော်ဖြေပေးခဲ့ပြီး၊ မြို့နယ်ဂီတအစည်းအရုံး(ယာယီ)ဥက္ကဋ္ဌ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့်သင်ကြားပြသပေးကြသည့် ဆရာ၊ဆရာမများကို နှုတ်ဆက်ခဲ့ကြောင်း သိရသည်။   

တင်စိုးလွင်