သတင်းများ

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ   အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းများ စတင်ဆောင်ရွက်
Jan 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်တွင် မြေပြင်တစ်အိမ် တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေစာရင်း  ကောက်ယူခြင်းလုပ်ငန်းများကို အမှတ် (၆) ရပ်ကွက် မာန်အောင်ဓမ္မာရုံ၌ ယမန်နေ့ နံနက် ၈ နာရီမှစတင်၍ တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်းကောက်ယူလျက်ရှိသည်။
ကျုံပျော်မြို့နယ်ရှိ ကျေးရွာပြည်သူများအားထားရမည့် သောင်ရွာ - ငါးရံ့ချောင်းလမ်း ဆောင်ရွက်ပြီးစီးမှု တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jan 10,2023
ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရမည့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ သောင်ရွာ - ငါးရံ့ချောင်းလမ်း ခွဲကျောက်အမာခံခင်းခြင်း ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးမှ ကြခတ်ကုန်းကျေးရွာရှိ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်နွေစပါး၊ ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံ
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးမှ ဝါးခယ်မမြို့နယ် ကြခတ်ကုန်းကျေးရွာရှိ နိုင်ငံစီးပွာမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါး၊ ပဲတီစိမ်း စိုက်တောင်သူများနှင့် ယနေ့ နေ့လယ် ၁၂ နာရီအချိန်တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။
မိုးကောင်းမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) မှ အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူရေးစတင်ဆောင်ရွက်
Jan 10,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေးအဖွဲ့ (Working Group) မှ အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူရေးကို ယနေ့ နံနက် (၈) နာရီတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးကောင်းမြို့၌ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး
Jan 10,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးခြင်းကို အခြေခံပညာကျောင်းများ၌ ယနေ့ နံနက် (၉) နာရီတွင် ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ် အ.ထ.က (၁) ကျောင်းတွင် ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က (၁) ကျောင်း ရွေညီလာခန်းမတွင် ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၉) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏထူးချွန်ဆုများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ) အကြိမ်ထိုးနှံ
Jan 09,2023
ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster (ဒုတိယ) အကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာတွင် ထိုးနှံပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေ များအား ပေးအပ်ခဲ့သည်။