ပဲခူး ဇန်နဝါရီ ၉
ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster (ဒုတိယ) အကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာတွင် ထိုးနှံပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေ များအား ပေးအပ်ခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းများ မှတ်ယူခြင်း၊ လာရောက်ထိုးနှံကြသည့် ကျောင်းသား/ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် ကျောင်းသား/ကျောင်းသူ များကို မိနစ် ၃၀ ခန့်စောင့်ကြည့်ပြီးမှသာ ပြန်လည်ထွက်ခွါခွင့်ပြုခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)