မိုးကောင်း ဇန်နဝါရီ ၁၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေးအဖွဲ့ (Working Group) မှ အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူရေးကို ယနေ့ နံနက် (၈) နာရီတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တစ်အိမ်တက်ဆင်း မြေပြင်စာရင်းကောက်ယူရေးလုပ်ငန်းကို ဌာနဆိုင်ရာများ၊ ရပ်ကွက်စာရေးများ၊ ရာအိမ်မှူး/ဆယ်အိမ်မှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများတွင် လမ်းများအလိုက် စာရင်းကောက်ယူရေးအဖွဲ့များခွဲ၍ လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် သတ်မှတ်ပုံစံများဖြင့် ကောက်ယူလျက်ရှိသည်။
မြေပြင်စာရင်းကောက်ယူရေးလုပ်ငန်းကို ဇန်နဝါရီ (၉)ရက်မှ (၃၁)ရက်ထိ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါမြေပြင်ကွင်းဆင်းကောက်ယူရေး နေရာများသို့ မြို့နယ် (Working Guoup) မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)