ငပုတော ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို (အ.ထ.က) ငပုတောကျောင်းသား၊ ကျောင်းသူလေးများမှ “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ကျင်အေးမှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စာပေထူးချွန်ဆုများနှင့် အားကစားထူးချွန်ဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက အသီးသီးချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ငပုတောမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာထွန်း၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ကျင်းအေးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိဘဆရာအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများစုစုပေါင်း (၃၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်သူ (ငပုတော)