သတင်းများ

ငါန်းဇွန်မြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းကျင်းပ
Jan 06,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)မှ နတ်သျှင်(ရွှေဂူ)၏ “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် အင်တောကျယ်ကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန်အတွက် စစ်ကြောင်းကြီး(၅)ကြောင်း ကွင်းဆင်း၍ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jan 06,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်း ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်းကို၊ ယမန်နေ့ မွန်းလွဲ(၁:၃၀)နာရီက အင်တောကျယ်ကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာ​​ကေတမြို့နယ်၌ ဇိနမာရ်​အောင်​စေတီ​တော်(၂၈)ကြိမ်​မြောက် ဗုဒ္ဓပူဇနိယပွဲ​တော်ဖွင့်လှစ်
Jan 06,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ သာ​ကေတမြို့နယ်၊ ဇိနမာရ်​အောင်​စေတီ​တော်မြတ်ကြီး၏ဂေါပကအဖွဲ့မှကြီးမှူး၍ (၂၈)ကြိမ်​မြောက် ဗုဒ္ဓပူဇနိယပွဲ​တော်ကို ယမန်​နေ့နံနက်(၉)နာရီအချိန်က အဆိုပါ​စေတီ​တော်၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Jan 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့ နံနက်(၉) နာရီခွဲတွင် အ.လ.က(ခွဲ) မယ်နင်ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာဒက်ကြီးကျွန်းအရှေ့ဘက်ခြမ်း ကျွန်းပတ်မြေသားလမ်း ၆/၀ မိုင် လုပ်ငန်းဆောင်ရွက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး
Jan 06,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဇာဒက်ကြီးကျွန်း‌ အရှေ့ဘက်ခြမ်း ကျွန်းပတ်လမ်းမြေသားလမ်း ၆/၀ မိုင် လုပ်ငန်းဆောင်ရွက်မှု ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ် အထက (၅) တွင် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၅)အခြေခံ ပညာအထက် တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေး စုံညီပွဲတော်ကို ယနေ့ နံနက် ၈ နာရီက အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူမြို့၌ ဆန်၊ ဆီနှင့်အခြားစားသောက်ကုန်များ စျေးနှုန်းချိုသာစွာရောင်းချ၊ အခမဲ့ကျန်းမာရေးစောင့် ရှောက်ခြင်းများ ဆောင်ရွက်ပေး
Jan 06,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများအား ဆန်၊ ဆီနှင့် အခြားစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ယနေ့ နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ
Jan 06,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။