သတင်းများ

ရမည်းသင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် အိမ်ထောင်စု လူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ
Jan 10,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို  ယမန်နေ့ နံနက်က စတင်ကောက်ယူခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နေ့လယ် ၁ နာရီကအမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(ဗဟန်း) ရွှေနန်ယန်ခန်းမ၌ ကျင်းပသည်။
တောင်ကုတ်မြို့နယ်၌  လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ စာရင်းများ စတင်ကောက်ယူ
Jan 10,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့နံနက်(၈)နာရီအချိန်မှစတင်၍ (Working Group)မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (၈၇)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ်၌ မိုးလုံလေလုံအားကစားရုံအဆောက်အအုံ ဆောက်လုပ်နေမှု လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်းစစ်ဆေး
Jan 10,2023
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတွင် မြို့နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မိုးလုံလေလုံအားကစားရုံ အဆောက်အအုံသစ် ဆောက်လုပ်နေမှုအား လုပ်ငန်းအရည်အသွေး ပြည့်မီစေရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီ တည်ဆောက်ပြီးစီးရေးအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ်၌ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jan 10,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ပြည့်စုံမှန်ကန်သည့် လူဦးရေစာရင်းရရှိနိုင်ရန်အတွက် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းလူဦးရေ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းနှင့် လူဦးရေစာရင်းကောက်ယူခြင်း လုပ်ငန်းကို ဇန်နဝါရီ (၉) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ ဇန်နဝါရီ (၁၀) ရက်တွင် ပူတာအိုခရိုင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် မချမ်းဘော့မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဂွမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု
Jan 10,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးမြို့နယ်အဆင့်ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ စာရင်းကောက်ယူရေးအဖွဲ့များက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများ၌‌ ကွင်းဆင်း ဆောင် ရွက်ခဲ့ကြသည်။
မြောင်းမြမြို့ အခြေခံပညာကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကလေးများအား တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး (Bosder Dose) ထိုးနှံပေး
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကိုဗစ်−၁၉ရောဂါ ဖြစ်ပွားမှု ကာကွယ်တားဆီးရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများကို ဆောင်ရွက်လျက်ရှိရာ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကလေးများအားတတိယအကြိမ် ကိုဗစ်−၁၉ရောဂါကာကွယ်ဆေး (Bosder Dose) ထိုးနှံပေးခြင်းကို အခြေခံပညာကျောင်းများတွင် ယမန်နေ့မှစ၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (မြို့မ) တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ
Jan 10,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (မြို့မ) တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။