သတင်းများ

ဂွမြို့နယ်တွင် မိုဘိုင်း စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ(အခမဲ့) ငှားရမ်းပေး
Jan 06,2023
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင်  စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာ ရုံးဝန်ထမ်းများနှင့် စာငှား/စာဖတ် ပရိတ်သတ်များအား စာပေဖတ်ရှုမှု အဆင်ပြေစေရန် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ငှားရမ်း ဝန်ဆောင်မှုပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရုံးဌာနများအရောက် သွားရောက်ငှားရမ်းပေးခဲ့သည်။
မင်္ဂလာဒုံမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ညှိနှိုင်းအစည်းအ​ဝေးအမှတ်စဉ် (၁/၂၀၂၃) ကျင်းပ
Jan 06,2023
ရန်ကုန်ဒေသကြီး မြောက်ပိုင်း၊ မင်္ဂလာဒုံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက်  မင်္ဂလာဒုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်း ရှင်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းညွန့်နှင့်အဖွဲ့ဝင်များက ညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ  ၃၁၇  ဦး လွတ်မြောက်
Jan 06,2023
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ အမိန့်အမှတ် ၁/ ၂၀၂၃ ဖြင့် ယမန်နေ့ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင် အသီးသီးမှ  အကျဉ်းသား၊ အကျဉ်းသူ ၃၁၇ ဦးလွတ်မြောက်ကြောင်း သိရသည်။
ပြာသိုလပြည့်နေ့ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြည်တွင်းခရီးသွား ဘုရားဖူးများဖြင့် စည်ကား
Jan 06,2023
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ပြာသိုလပြည့်နေ့တွင် ပြည်တွင်းဘုရားဖူးခရီး အမြောက်အများ လာရောက်လည်ပတ်ကြကြောင်းနှင့် သမိုင်းဝင်နာမည်ကျော် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများတွင် ပြည်တွင်းခရီးသွားဘုရားဖူးခရီးသွားများလာရောက်လည်ပတ်မှု များပြားလျက်ရှိကြောင်း ဗူးဘုရားဂေါပကအဖွဲ့ထံက သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား ကျင်းပ
Jan 06,2023
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ တည်ခင်းဧည့်ခံသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ ညခင်းပိုင်းတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဥပစာ မြက်ခင်းပြင်၌ ကျင်းပသည်။
နမ္မတူတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Jan 06,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဇန်နဝါရီလ (၄)ရက်နေ့ တွင်ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဇန်နဝါရီလ (၄)ရက်နေ့ နံနက် (၇)နာရီအချိန်က ပန်ဟိုက်ရပ်ကွက် (၂)ရှိ၊ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်တည်ရှိရာ မြနန္ဒာပန်းဥယျာဉ်၌ ကျင်းပခဲ့သည်။
အ.ထ.ကမိုင်းနောင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 06,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊  မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်မှ ညနေ(၃)နာရီအချိန်ထိ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ် အ​ခြေခံပညာအထက်တန်း​ကျောင်း အ-ထ-က(၅)တွင် ပညာရည် ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကျင်းပ 
Jan 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း  အမှတ်(၅)၏  ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်၉ နာရီက အဆိုပါ ကျောင်းခန်းမ၊ သ​ပြေခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။