သတင်းများ

ကျိုက်လတ်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်း ကောက်ယူနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး
Jan 10,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေး အဖွဲ့များက အိမ်ထောင်စု လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်း ကစတင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် တစ်ပြိုင်နက်တည်း ကောက်ယူနေမှုအား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အမ်းမြို့၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Jan 10,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူ ဖြစ်စေရန်အတွက် အခြေခံစားသောက် ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အောက်ရွာကျေးရွာ အုပ်စု တပ်နယ်စျေးရှေ့၌ ပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပ
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊  ရတနာခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆောင်းသီးနှံစိုက်ပျိုးမည့်တောင်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဓာတ်မြေသြဇာများဖြန့်ဖြူးရောင်းချ
Jan 10,2023
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ကိုးရီးယားဓာတ်မြေသြဇာများ ဖြန့်ဖြူးရောင်းချခြင်းကို ယမန်နေ့၊ နေ့လည်(၁၁)နာရီက ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ဓာတ်မြေသြဇာ (၂၅၀) အိတ်ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်တွင် မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်
Jan 10,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့ နံနက်(၈)နာရီအချိန်မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် တစ်ပြိုင်နက်တည်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 10,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ မြေပြင်အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူလျက်ရှိ
Jan 10,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်အိမ်ထောင်စုလူဦးရေးစာရင်းများ ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းကို ယမန်နေ့၊ နံနက်ပိုင်းကစ၍ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူလျက်ရှိသည်။
ကိုဗစ်-၁၉ ပုံမှန်ကာကွယ်ဆေး ထိုးနှံပြီး(၅)လနှင့်အထက်ရှိသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Does) ထိုးနှံပေး
Jan 10,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပုံမှန်ကာကွယ်ဆေးထိုးနှံပြီး(၅)လနှင့်အထက်ရှိသည့်၊ အသက်(၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအား ထပ်ဆောင်း ကာကွယ်ဆေး(Booster Does)ထိုးနှံခြင်းကို ယမန်နေ့နံနက် (၉)နာရီမှစတင်၍ ဆေးထိုးစုရပ်များဖြစ်သည့် အထက်တန်းကျောင်း(၅)ကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။