မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးမှ ကြခတ်ကုန်းကျေးရွာရှိ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်နွေစပါး၊ ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံ

ဝါးခယ်မ  ဇန်နဝါရီ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးမှဝါးခယ်မမြို့နယ် ကြခတ်ကုန်းကျေးရွာရှိ နိုင်ငံစီးပွာမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါး၊ ပဲတီစိမ်း စိုက်တောင်သူများနှင့် ယနေ့ နေ့လယ် ၁၂ နာရီအချိန်တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သွင်းအားစုတင်သွင်းမည့်ကုမ္ပဏီများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူလယ်သမားများ တက်ရောက်ကြပြီး ရှေ့ဦးစွာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးမှ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုစီမံကိန်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်မှ ဝါးခယ်မမြို့နယ်အတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်နွေစပါး၊ ပဲတီစိမ်းစိုက်တောင်သူများအား သွင်းအားစုနှင့်ပတ်သက်၍ ရှင်းလင်း‌ပြောကြားခြင်း၊ နွေစပါးလျာထားချက်ဧက ပြည့်မှီရေးအတွက် လိုအပ်သည်များ မှာကြား‌ဆောင်ရွက်ခြင်းနှင့် တက်ရောက်လာသည့်တောင်သူများမှ သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟိန်းထက်လင်း ဝါးခယ်မ (ပြန်/ဆက်)